• "Nothing influences people more than a recommendation from a trusted friend. - Mark Zuckerberg"

  • "It’s much easier to double your business by doubling your conversion rate than by doubling your traffic. – Jeff Eisenberg"

  • "Give them quality. That’s the best kind of advertising – Milton Hershey"

  • "Not viewing your email marketing as content is a mistake."


နည်းပညာမြင့် Mazada 2 အသစ်ကို မြန်မာနိုင်ငံတွင် တရားဝင်မိတ်ဆက်
နိုင်ငံတကာတွင် အောင်မြင် ကျော်ကြားလျက်ရှိသည့် ဂျပန်နိုင်ငံ ၏ ထိပ်တန်း ကားအမှတ်တံဆိပ် တစ်ခုဖြစ်သော Mazada သည် ၎င်းင်း၏ နည်းပညာမြင့် All-New Mazda 2 ကားအသစ်ကို (၂၀၁၆) ခုနှစ် ဇန်န၀ါရီ (၂၈) ရက်နေ့တွင် မြန်မာ ပလာဇာရှိ ပရိုမိုးရှင်း ဧရိယာတွင် မိတ်ဆက်ပြသခဲ့သည်။
All-New Mazda 2 သည် နောက်ဆုံးပေါ်နည်းပညာမြင့် ကား အမျိုးအစားဖြစ်ပြီး စွမ်းဆောင်ရည် မြင့်မားသည့် Skyactiv နည်းပညာကို အသုံးပြုထားကာ စွမ်းအားမြင့်မားပြီး ဆွဲဆောင်မှုရှိသည့် Kaoo-Soul ၏ Motion ဒီဇိုင်းဖြင့် ထုတ်လုပ်ထား ကြောင်းသိရသည်။ ၎င်းင်း All-New Mazda 2 သည် ဂျပန်နိုင်ငံ၏ တစ်နှစ်တာ အကောင်းဆုံး ကားဆုကို (၂၀၁၄-၂၀၁၅) ခုနှစ်များအတွက် နှစ်နှစ်ဆက်တိုက် ဆွတ်ခူးခဲ့ခြင်း အပါအ၀င် ဆုပေါင်းများစွာရရှိထား သော ကားဖြစ်ကြောင်း သိရှိရသည်။
ယင်းမိတ်ဆက်ပွဲကို (၄) ရက် ကြာကျင်းပခဲ့ပြီး လာရောက်ကြည့်ရှု သူများ၏ လိုအပ်ချက်နှင့် စုံစမ်းမေး မြန်းမှုများအတွက် အထောက်အကူ ပြုနိုင်ရန် အတွေ့အကြုံရင့် Mazda အရောင်းအတိုင်ပင်ခံများ ကိုလည်း ထားရှိပေးထားကြောင်း၊ Mazda မော် တော်ယာဉ်များအား မြန်မာနိုင်ငံတွင်း တရားဝင်ဖြန့်ချိသည့် Alliance Co., Ltd. က စီစဉ်ကျင်းပ ခြင်းဖြစ်ကြောင်း သိရသည်။
Mazda ဟု အများအားဖြင့် ရည်ညွှန်းလေ့ရှိသည့် Mazda ကား ကုမ္ပဏီသည် ဂျပန်နိုင်ငံမှ ကားထုတ် လုပ်သည့် နာမည်ကျော် ကုမ္ပဏီတစ်ခု ဖြစ်ပြီး (၁၉၂၀) ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။ ၎င်းင်း၏ အဓိက စီးပွားရေးလုပ်ငန်းမှာ လူစီးနှင့် စီးပွားရေး လုပ်ငန်းသုံးကားများကို ထုတ်လုပ်ရောင်းချခြင်းဖြစ်ကြောင်း သိရှိရသည်။
Related News
 
Hot News block
ဧရာဝတီဘဏ်ခွဲများ အားလုံးတွင် DELL ပစ္စည်းများ အသုံးပြုမည်

ဧရာဝတီ ဘဏ်ခွဲများအားလုံး တွင် Dell Corporation မှ ထုတ်လုပ် သည့် စက်ပစ္စည်းများကို အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ အသုံးပြုခြင်းအားဖြင့် ပိုမို စိတ်ချသော ဘဏ်ဝန်ဆောင်မှု လုပ...


MOTC Web Portal လွှင့်တင်ရန် စီစဉ်

ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၏ Ministry Web Portal (MOTC Web Portal) လွှင့် တင်နိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ယခင်ဖွဲ့စည်း ထားရှိသည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပည...


တယ်လီနောသုံးစွဲသူ (၁၇) သန်း အထိ ရှိလာ

ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သော တယ်လီနောသည် (၂၀၁၆) ခုနှစ် ဒုတိယသုံးလပတ် အ စီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ အစီရင်ခံစာအရ ၎င်းင်း၏ဆက်သွယ်ရေး ကွန်ရက်အသုံးပြုသူ (၁၇) သန်းအထိ တိုး...


General News

School Bus နှင့် ပတ်သက်ပြီး မီဒီယာများတွင် ရေးသားဖော်ပြချက် အရသာသိရှိနေရဟု တိုင်း လွှတ်တော်အမတ်ဆို

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့က ဇွန်လအတွင်း စတင်အ ကောင်အထည်ဖော်မည့ှ်School Bus ကိစ္စနှင့်ပတ်သက်၍ မီဒီယာ များတွင် ရေးသားဖော်ပြချက်အရသာသိရှိနေရပြီး အသေးစိတ်အချက်အလက်များကို မသိရှိ...


ဇုန်ထုတ်ကားများ၌ ပြည်ပထုတ် ယာဉ်အစိတ်အပိုင်းများ တပ်ဆင်ခြင်းကို ဒဏ်ကြေးဖြင့် ပြန်လည်ခွင့်ပြုရန် စက်မှု (၁) စီစဉ်

ပြည်တွင်း ဇုန်ထုတ်ကားများ၌ ပြည်ပထုတ် ယာဉ်အစိတ်အပိုင်း တပ် ဆင်ခြင်းကို ဒဏ်ကြေးဖြင့် ပြန် လည် ဆောင်ရွက်ခွင့်ပြုန်ရန် စက်မှု (၁)မှ စီစဉ်နေကြောင်း ဇုန်ထုတ်ယာဉ် စစ်ဆေးရေးအဖွဲ့ထံမှ စံ...


မော်တော်ယာဉ် နည်းဥပဒေထွက် ရှိမှသာ ပုဂ္ဂလိက ယာဉ်စစ်လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုမည်

ပုဂ္ဂလိက ယာဉ်စစ်လုပ်ငန်းများ ကို မော်တော်ယာဉ် နည်းဥပဒေ ပြဋ္ဌာန်းပြီး မှသာ လုပ်ကိုင်ခွင့် တရား ဝင် ချထား ပေးသွားမည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်...