• "Nothing influences people more than a recommendation from a trusted friend. - Mark Zuckerberg"

  • "It’s much easier to double your business by doubling your conversion rate than by doubling your traffic. – Jeff Eisenberg"

  • "Give them quality. That’s the best kind of advertising – Milton Hershey"

  • "Not viewing your email marketing as content is a mistake."


Landcruiser နှင့် Hilux တို့အား ပေါင်းစပ်ထုတ်လုပ်ထားသည့် All New Toyota Fortuner ကို မြန်မာပြည်ဈေးကွက်တွင် စတင်မိတ်ဆက်
Landcruiser ကားရဲ့ ကောင်း မွန်တဲ့ အချက်တွေနဲ့ Hilux ကားရဲ့ မာကျောခိုင်မာမှုတွေကို ပေါင်းစပ်ပြီး ထုတ်လုပ်ထားတဲ့ All New Toyota Fortuner ကားသစ်ကို မေလ (၅) ရက်နေ့မှာ လှိုင်မြို့နယ်၊ ရွာမကွေ့မှာ ရှိတဲ့ Toyota Mingalar Brand New Showroom မှာ မိတ်ဆက်ခဲ့ပါတယ်။
အင်ဂျင်ပါဝါ (3.0) ရှိပြီး လူ ခုနစ်ယောက် လိုက်ပါစီးနင်းနိုင်တဲ့ Brand New Toyota Fortuner ကား သစ်က အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် Toyota ကားစက်ရုံကနေ ထုတ်လုပ် ထားတာ ဖြစ်ပြီး SUV ကားအမျိုး အစား ဖြစ်ကြောင်း သိရပါတယ်။ Landcruiser နဲ့ Hilux တို့ရဲ့ အားသာ ချက်တွေကိုယူပြီး ပေါင်းစပ်ထုတ်လုပ် ထားတာကြောင့် သူရဲ့ စွမ်းဆောင်ရည် က မြို့တွင်းရော၊ လမ်းကြမ်းမှာပါ အ မြန်နှုန်းငါးဆင့်အထိ အလိုအလျောက် မောင်းနှင်နိုင်တယ်လို့ သိရပါတယ်။
ကားအပြင်ပိုင်း ဒီဇိုင်းပုံစံသစ်၊ ထူးခြားလှတဲ့ LED မီးလုံး၊ မီးခွက်တွေ၊ နောက်ဖုံးကို အော်တိုစနစ်နဲ့ အဖွင့်အ ပိတ်လုပ်နိုင်ခြင်းနဲ့ တာဘိုအင်ဂျင် စွမ်းဆောင်ရည်တွေက Fortuner SUV ကားအတွင်း ထည့်သွင်း တည် ဆောက်ထားတယ်လို့ သိရပါတယ်။
ရောင်းချမယ့်ဈေးနှုန်းကUS ဒေါ်လာ (၆၁၃၀၀) ဖြစ်ပြီး ကာလာ အနေနဲ့ (၁၀) မျိုးအထိရွေးချယ်နိုင်ပါ တယ်။ ဒီကားအမျိုးအစားကို မြန်မာ နိုင်ငံတွင်း Toyota Brand New ကား တွေ တရားဝင် တင်သွင်းဖြန့်ချိနေတဲ့ Aye & Sons နဲ့ Toyota Mingalar Showroom တွေမှာ ၀ယ်ယူရရှိနိုင်ပြီ ဖြစ်ပြီး မေလ (၇) ရက်နေ့ကနေ (၈) ရက်နေ့အထိ Myanmar Plaza မှာ Road Show ပြုလုပ်ပေးသွားမှာ ဖြစ် ကြောင်း သိရပါတယ်။ မြန်မာပြည်တွင်း ဈေးကွက်မှာ Toyota Brand New ကားတွေအနေနဲ့ ရောင်းအားအကောင်း ဆုံး အမျိုးအစားဖြစ်တဲံ့ Hiluex ဒုတိယ Hiace ပြီးရင် Fortuner ကား အမျိုး အစားက ရောင်းအားကောင်းမယ်လို့ မျှော်မှန်းထားကြောင်း Aye & Sons ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးမျိုးမြင့် သိန်းက ပြောပြပါတယ်။
Related News
 
Hot News block
ဧရာဝတီဘဏ်ခွဲများ အားလုံးတွင် DELL ပစ္စည်းများ အသုံးပြုမည်

ဧရာဝတီ ဘဏ်ခွဲများအားလုံး တွင် Dell Corporation မှ ထုတ်လုပ် သည့် စက်ပစ္စည်းများကို အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ အသုံးပြုခြင်းအားဖြင့် ပိုမို စိတ်ချသော ဘဏ်ဝန်ဆောင်မှု လုပ...


MOTC Web Portal လွှင့်တင်ရန် စီစဉ်

ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၏ Ministry Web Portal (MOTC Web Portal) လွှင့် တင်နိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ယခင်ဖွဲ့စည်း ထားရှိသည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပည...


တယ်လီနောသုံးစွဲသူ (၁၇) သန်း အထိ ရှိလာ

ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သော တယ်လီနောသည် (၂၀၁၆) ခုနှစ် ဒုတိယသုံးလပတ် အ စီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ အစီရင်ခံစာအရ ၎င်းင်း၏ဆက်သွယ်ရေး ကွန်ရက်အသုံးပြုသူ (၁၇) သန်းအထိ တိုး...


General News

School Bus နှင့် ပတ်သက်ပြီး မီဒီယာများတွင် ရေးသားဖော်ပြချက် အရသာသိရှိနေရဟု တိုင်း လွှတ်တော်အမတ်ဆို

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့က ဇွန်လအတွင်း စတင်အ ကောင်အထည်ဖော်မည့ှ်School Bus ကိစ္စနှင့်ပတ်သက်၍ မီဒီယာ များတွင် ရေးသားဖော်ပြချက်အရသာသိရှိနေရပြီး အသေးစိတ်အချက်အလက်များကို မသိရှိ...


ဇုန်ထုတ်ကားများ၌ ပြည်ပထုတ် ယာဉ်အစိတ်အပိုင်းများ တပ်ဆင်ခြင်းကို ဒဏ်ကြေးဖြင့် ပြန်လည်ခွင့်ပြုရန် စက်မှု (၁) စီစဉ်

ပြည်တွင်း ဇုန်ထုတ်ကားများ၌ ပြည်ပထုတ် ယာဉ်အစိတ်အပိုင်း တပ် ဆင်ခြင်းကို ဒဏ်ကြေးဖြင့် ပြန် လည် ဆောင်ရွက်ခွင့်ပြုန်ရန် စက်မှု (၁)မှ စီစဉ်နေကြောင်း ဇုန်ထုတ်ယာဉ် စစ်ဆေးရေးအဖွဲ့ထံမှ စံ...


မော်တော်ယာဉ် နည်းဥပဒေထွက် ရှိမှသာ ပုဂ္ဂလိက ယာဉ်စစ်လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုမည်

ပုဂ္ဂလိက ယာဉ်စစ်လုပ်ငန်းများ ကို မော်တော်ယာဉ် နည်းဥပဒေ ပြဋ္ဌာန်းပြီး မှသာ လုပ်ကိုင်ခွင့် တရား ဝင် ချထား ပေးသွားမည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်...