• "Nothing influences people more than a recommendation from a trusted friend. - Mark Zuckerberg"

  • "It’s much easier to double your business by doubling your conversion rate than by doubling your traffic. – Jeff Eisenberg"

  • "Give them quality. That’s the best kind of advertising – Milton Hershey"

  • "Not viewing your email marketing as content is a mistake."


အများပိုင်ဘတ်စ်ကားကုမ္ပဏီဖွဲ့စည်းရန် စာရင်းတင်ပြထားမှု ရှစ်ခုခန့်ရှိပြီဖြစ်ကာ၎င်းင်းအရေအတွက်ထက်ပိုမိုများပြားလာနိုင်
အများပိုင်ဘတ်စ်ကားလိုင်း များ ပြေးဆွဲရန် မ.ထ.သ မြို့တွင်းနှင့် ခရိုင် လေးခုယာဉ်လိုင်းများမှ အများ ပိုင်ကုမ္ပဏီဖွဲ့စည်းမှုအတွက် ကုမ္ပဏီ ရှစ်ခုခန့် တင်ပြထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာ ပိုင်အဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာမောင်အောင်ကပြောသည်။
ယခုတင်ပြထားသော ကုမ္ပဏီ ရှစ်ခုထက်ပိုသည့် အရေအတွက်ရှိ လာနိုင်ကာ အဖွဲ့များဖွဲ့စည်းရန် ညွှန် ကြားထားဆဲဖြစ်သည့်အတွက် အများ ပိုင်ကုမ္ပဏီအရေအတွက် အတိအကျ ကို မသိရှိနိုင်သေးကြောင်း ဒေါက်တာ မောင်အောင်က ပြောသည်။
ဒီ့ထက် များလာနိုင်ပါတယ်။ အခုလောလောဆယ်မှာ အဖွဲ့တွေ ဖွဲ့ စည်းခိုင်းထားဆဲကာလဖြစ်လို့ စာရင်း အတိအကျမရှိသေးဘူး။ ယခု လော လောဆယ်တော့ အများပိုင် ဘတ်စ် ယာဉ်လိုင်းပြေးဆွဲဖို့ ကုမ္ပဏီဖွဲ့စည်းမှု အတွက် စာရင်းတင်ပြထားတာ ရှစ်ခု လောက်တော့ရှိပြီ။ စာရင်းအားလုံး လုပ်ပြီးရင်တော့ ရှစ်ခုထက်များနိုင်ပါ တယ် ဟု Auto World ဂျာနယ်သို့ ပြောပြခဲ့သည်။
လက်ရှိအနေအထားကို အများ ပိုင်ကုမ္ပဏီများဖွဲ့စည်းကာ မြို့တွင်း ယာဉ်လိုင်းများ စနစ်တကျပြေးဆွဲရေး ပြောင်းလဲရန်အတွက် ယာဉ်ပိုင်ရှင် များ စိတ်ဝင်စားမှုများပြားနေကာ တစ်ပိုင်တစ်နိုင်ပြေးဆွဲမှုများကိုလည်း ပေါင်းစပ်ဖွဲ့စည်းဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။
အချို့ယာဉ်လိုင်းများတွင် ယာဉ် စီးရေအနည်းငယ်ဖြင့် တစ်ပိုင် တစ်နိုင် ပြေးဆွဲနေသော ယာဉ်လိုင်းပိုင်ရှင် များလည်းရှိရာ အများပိုင်ကုမ္ပဏီများ အတွင်း ပေါင်းစပ်ပါဝင် ပြေးဆွဲရမည် ဖြစ်ကြောင်းသိရသည်။ စက်တင်ဘာ လကုန်တွင် အများပိုင်ကုမ္ပဏီများ ဖွဲ့ စည်းကာ လုပ်ငန်းစတင် အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ရန်ကုန်မြို့တွင်း ပြေးဆွဲယာဉ်လိုင်း အားလုံးကို စနစ်ပြောင်းလဲသွားမည် ဖြစ်သည်။ ရန်ကုန်မြို့၏ သယ်ယူ ပို့ ဆောင်ရေးကဏ္ဍ တိုးတက်စေရန်နှင့် ခရီးသွားပြည်သူများ အဆင်ပြေ ချော မွေ့ရေးတို့အတွက် ဘတ်စ်ကား ယာဉ် လိုင်းများအပြင် ရေကြောင်းသွားလာ မှုများ၊ မီးရထားသွားလာမှု အဆင်မြှင့် တင်ခြင်းများအပြင် တက္ကစီယာဉ်များ အားလည်း အသင်းအဖွဲ့များ စုစည်း၍ စနစ်တကျဖြစ်စေရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။
Related News
 
Hot News block
ဧရာဝတီဘဏ်ခွဲများ အားလုံးတွင် DELL ပစ္စည်းများ အသုံးပြုမည်

ဧရာဝတီ ဘဏ်ခွဲများအားလုံး တွင် Dell Corporation မှ ထုတ်လုပ် သည့် စက်ပစ္စည်းများကို အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ အသုံးပြုခြင်းအားဖြင့် ပိုမို စိတ်ချသော ဘဏ်ဝန်ဆောင်မှု လုပ...


MOTC Web Portal လွှင့်တင်ရန် စီစဉ်

ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၏ Ministry Web Portal (MOTC Web Portal) လွှင့် တင်နိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ယခင်ဖွဲ့စည်း ထားရှိသည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပည...


တယ်လီနောသုံးစွဲသူ (၁၇) သန်း အထိ ရှိလာ

ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သော တယ်လီနောသည် (၂၀၁၆) ခုနှစ် ဒုတိယသုံးလပတ် အ စီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ အစီရင်ခံစာအရ ၎င်းင်း၏ဆက်သွယ်ရေး ကွန်ရက်အသုံးပြုသူ (၁၇) သန်းအထိ တိုး...


General News

School Bus နှင့် ပတ်သက်ပြီး မီဒီယာများတွင် ရေးသားဖော်ပြချက် အရသာသိရှိနေရဟု တိုင်း လွှတ်တော်အမတ်ဆို

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့က ဇွန်လအတွင်း စတင်အ ကောင်အထည်ဖော်မည့ှ်School Bus ကိစ္စနှင့်ပတ်သက်၍ မီဒီယာ များတွင် ရေးသားဖော်ပြချက်အရသာသိရှိနေရပြီး အသေးစိတ်အချက်အလက်များကို မသိရှိ...


ဇုန်ထုတ်ကားများ၌ ပြည်ပထုတ် ယာဉ်အစိတ်အပိုင်းများ တပ်ဆင်ခြင်းကို ဒဏ်ကြေးဖြင့် ပြန်လည်ခွင့်ပြုရန် စက်မှု (၁) စီစဉ်

ပြည်တွင်း ဇုန်ထုတ်ကားများ၌ ပြည်ပထုတ် ယာဉ်အစိတ်အပိုင်း တပ် ဆင်ခြင်းကို ဒဏ်ကြေးဖြင့် ပြန် လည် ဆောင်ရွက်ခွင့်ပြုန်ရန် စက်မှု (၁)မှ စီစဉ်နေကြောင်း ဇုန်ထုတ်ယာဉ် စစ်ဆေးရေးအဖွဲ့ထံမှ စံ...


မော်တော်ယာဉ် နည်းဥပဒေထွက် ရှိမှသာ ပုဂ္ဂလိက ယာဉ်စစ်လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုမည်

ပုဂ္ဂလိက ယာဉ်စစ်လုပ်ငန်းများ ကို မော်တော်ယာဉ် နည်းဥပဒေ ပြဋ္ဌာန်းပြီး မှသာ လုပ်ကိုင်ခွင့် တရား ဝင် ချထား ပေးသွားမည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်...