• "Nothing influences people more than a recommendation from a trusted friend. - Mark Zuckerberg"

  • "It’s much easier to double your business by doubling your conversion rate than by doubling your traffic. – Jeff Eisenberg"

  • "Give them quality. That’s the best kind of advertising – Milton Hershey"

  • "Not viewing your email marketing as content is a mistake."


ပန်းဆိုးတန်းနှင့် ဒလသို့ပြေးဆွဲနေသည့် ပန်းဆိုးတန်းဆိပ်ကမ်းတွင် ဒုတိယမြောက်ဆိပ်ခံတံတား ဆောက်လုပ်မည်
ရန်ကုန်၊ပန်းဆိုးတန်းနှင့် ဒလသို့ပြေးဆွဲလျက်ရှိသည့် ပန်းဆိုးတန်းဆိပ်ကမ်းတွင် ဒုတိယမြောက် ဆိပ်ခံတံတားဆောက်လုပ် သွားမည်ဖြစ်ကြောင်း ဆိပ်ကမ်းမြို့ နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်သန်း ကပြောသည်။
အဆိုပါဆိပ်ခံတံတားအား
အောက်တိုဘာလတွင် တည် ဆောက်သွားမည်ဖြစ်ကြောင်း သိရ သည်။ တံတားတစ်ခုတည်းနဲ့ သွား လာရာမှာ ခရီးသွားပြည်သူတွေ
အတွက် အဆင်မပြေတဲ့အတွက်ဆိပ်ခံတံတားတစ်စင်း တည်ဆောက်ဖို့ တိုင်းဒေသကြီးလွှတ်တော်သို့တင်ပြခဲ့တယ် ဟု ၄င်းက ပြောကြားခဲ့သည်။
ဆိပ်ခံတံတားသစ်တည်
ဆောက်ရန် တင်သွင်းရာတွင် လွှတ် တော်မှတည်ဆောက်ပေးမည်ဟုကတိကဝတ်ပြုခဲ့ကာ ဆိပ်ခံတံတားအပြင်နားနေဆောင်များလည်း အဆင့်မြှင့်တင်ပေးသွားမည်ဖြစ် ကြောင်းလည်း သိရသည်။
ယခင်ဆိပ်ကမ်းအတက်အဆင့်နေရာ၌ ဆိပ်ခံတံတားနှစ်ခုရှိခဲ့သော်လည်း နာဂစ်မုန်တိုင်းဖြစ်ပွားပြီးနောက် ဆိပ်ခံတံတားတစ်စင်းမှာ ကြံ့ခိုင်မှုမရှိတော့သဖြင့်ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။ပန်းဆိုးတန်းဆိပ်ကမ်းတွင် ရန်ကုန် နှင့် ဒလသို့ချယ်ရီကူးတို့ သင်္ဘောသုံးစင်းဖြင့် နံနက် ၅ နာရီမှည ၉နာရီအထိ တစ်ရက်လျှင် ၄၆ ခေါက်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
Related News
 
Hot News block
ဧရာဝတီဘဏ်ခွဲများ အားလုံးတွင် DELL ပစ္စည်းများ အသုံးပြုမည်

ဧရာဝတီ ဘဏ်ခွဲများအားလုံး တွင် Dell Corporation မှ ထုတ်လုပ် သည့် စက်ပစ္စည်းများကို အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ အသုံးပြုခြင်းအားဖြင့် ပိုမို စိတ်ချသော ဘဏ်ဝန်ဆောင်မှု လုပ...


MOTC Web Portal လွှင့်တင်ရန် စီစဉ်

ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၏ Ministry Web Portal (MOTC Web Portal) လွှင့် တင်နိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ယခင်ဖွဲ့စည်း ထားရှိသည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပည...


တယ်လီနောသုံးစွဲသူ (၁၇) သန်း အထိ ရှိလာ

ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သော တယ်လီနောသည် (၂၀၁၆) ခုနှစ် ဒုတိယသုံးလပတ် အ စီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ အစီရင်ခံစာအရ ၎င်းင်း၏ဆက်သွယ်ရေး ကွန်ရက်အသုံးပြုသူ (၁၇) သန်းအထိ တိုး...


General News

School Bus နှင့် ပတ်သက်ပြီး မီဒီယာများတွင် ရေးသားဖော်ပြချက် အရသာသိရှိနေရဟု တိုင်း လွှတ်တော်အမတ်ဆို

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့က ဇွန်လအတွင်း စတင်အ ကောင်အထည်ဖော်မည့ှ်School Bus ကိစ္စနှင့်ပတ်သက်၍ မီဒီယာ များတွင် ရေးသားဖော်ပြချက်အရသာသိရှိနေရပြီး အသေးစိတ်အချက်အလက်များကို မသိရှိ...


ဇုန်ထုတ်ကားများ၌ ပြည်ပထုတ် ယာဉ်အစိတ်အပိုင်းများ တပ်ဆင်ခြင်းကို ဒဏ်ကြေးဖြင့် ပြန်လည်ခွင့်ပြုရန် စက်မှု (၁) စီစဉ်

ပြည်တွင်း ဇုန်ထုတ်ကားများ၌ ပြည်ပထုတ် ယာဉ်အစိတ်အပိုင်း တပ် ဆင်ခြင်းကို ဒဏ်ကြေးဖြင့် ပြန် လည် ဆောင်ရွက်ခွင့်ပြုန်ရန် စက်မှု (၁)မှ စီစဉ်နေကြောင်း ဇုန်ထုတ်ယာဉ် စစ်ဆေးရေးအဖွဲ့ထံမှ စံ...


မော်တော်ယာဉ် နည်းဥပဒေထွက် ရှိမှသာ ပုဂ္ဂလိက ယာဉ်စစ်လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုမည်

ပုဂ္ဂလိက ယာဉ်စစ်လုပ်ငန်းများ ကို မော်တော်ယာဉ် နည်းဥပဒေ ပြဋ္ဌာန်းပြီး မှသာ လုပ်ကိုင်ခွင့် တရား ဝင် ချထား ပေးသွားမည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်...