• "Nothing influences people more than a recommendation from a trusted friend. - Mark Zuckerberg"

  • "It’s much easier to double your business by doubling your conversion rate than by doubling your traffic. – Jeff Eisenberg"

  • "Give them quality. That’s the best kind of advertising – Milton Hershey"

  • "Not viewing your email marketing as content is a mistake."


နိုင်ငံခြားတက္ကစီကုမ္ပဏီများကို ပြည်တွင်း၌ ဝင်ရောက်လုပ်ခွင့်ပြုမည်ဟု တိုင်းဝန်ကြီးချုပ်ဆို
နိုင်ငံခြားမှအငှားယာဉ်ဝန်ဆောင်မှုကုမ္ပဏီများကိုဖိတ်ခေါ်၍ရန်ကုန်ရှိအငှားယာဉ်ပြေးဆွဲမောင်းနှင်ခြင်းလုပ်ငန်းတစ်ခုလုံးကို ဆင့်မြှင့်တင်မည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
မေလ ၁၁ ရက်က ပြုလုပ်သည့် အမေရိကန်အခြေစိုက် UBER အငှားယာဉ်ဝန်ဆောင်မှုကုမ္ပဏီတရားဝင်မိတ်ဆက်ခြင်း အခမ်း အနားတွင် ဝန်ကြီးချုပ်က ပြောကြား ခဲ့သည်။
တက္ကစီစီးတဲ့သူနဲ့ ခရီးသည် တွေကြားမှာ အခုလက်ရှိယုံကြည်မှုပျက်ပြားတဲ့ အခြေအနေတွေကိုလည်းကြားနေရပါတယ်။ နည်းပ
ညာကိုအသုံးပြုပြီး လုံခြုံမှုကိုလည်း ဖြစ်စေမယ်။ ဝန်ဆောင်မှုကိုလည်း ကောင်းစေမယ်ဆိုတဲ့ နည်းပညာနဲ့ ဆောင်ရွက်မယ့် တက္ကစီဝန်ဆောင် မှုလုပ်ငန်းတွေ လာရောက်လုပ်ကိုင်ဖို့ ကျွန်တော်အနေနဲ့ ဖိတ်ခေါ်ထား ပါတယ် ဟု ၄င်းကပြောကြားသည်။
လက်ရှိဝင်ရောက်လုပ်ကိုင် နေသော Uber အပြင် အခြားနိုင် ငံတကာမှ အတွေ့အကြုံရင့် အငှား ယာဉ်ဝန်ဆောင်မှုကုမ္ပဏီများကို
ဖိတ်ခေါ်ရန်စီစဉ်ထားပြီး လက်ရှိတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဖက်က အငှားယာဉ်များကို ထိန်း
သိမ်းကွပ်ကဲရန် နည်းပညာပိုင်းနှင့် ပတ်သက်၍ အဆင်သင့်မဖြစ်သေး သဖြင့် ပြင်ဆင်နေကြောင်း ဝန်ကြီး ချုပ်က ဆက်လက်ပြောကြားသည်။
ဘယ်သူ့ကိုမှ သာလွန်ပြီး ဘယ်သူကိုမှ နှိပ်ကွပ်ထားတဲ့အခြေအနေမျိုးမရှိတဲ့ ဈေးကွက်စနစ်ကို ထူထောင်ပေးပါ့မယ် ဟု ၄င်းက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ဘတ်စ်ကားစနစ် YBS ကို ပြောင်းလဲထားရာတွင် လက်ရှိအထိရာနှုန်းပြည့်အောင်မြင်မှုမရှိ၍ ဝေဖန်ခံနေရသော အခြေအနေကြုံ တွေ့နေရသည်။
ရန်ကုန်တစ်မြို့လုံးတွင်ပြေးဆွဲနေသော အငှားယာဉ်များကိုစနစ်တကျစီမံခန့်ခွဲရန် အချိန်ပေးပြီး လုပ်ဆောင်ရဖွယ်ရှိကြောငံ်Hello Cabs အငှားယာဉ် ဝန်ဆောင် မှုကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ ဦးအောင်ဝင်းက ပြောသည်။
ဒီမှာရှိတဲ့ တက္ကစီအရေအ တွက်က အရမ်းများနေတယ်။ လျှော့ကိုလျှော့ရမယ့် အနေအထားပါ။ နိုင်ငံတကာမှာဆို အော်ပရေ တာကုမ္ပဏီတွေကနေ တက္ကစီတွေ ကိုထိန်းချုပ်ကြတာ။ တစ်ဦးတစ်ယောက်ပိုင်ရှင်ကနေ ပြေးဆွဲနေတဲ့ အတွက် အစိုးရအနေနဲ့ အခွန်တွေ
ရမယ့် အခွင့်အလမ်းတွေ ဆုံးရှုံး နေတယ်။ တကယ်တော့ ကုမ္ပဏီစနစ်ကလုပ်ကိုလုပ်သင့်နေပြီ ဟု ၄င်းကပြောသည်။
ရန်ကုန်တစ်မြို့လုံးတွင် အငှား ယာဉ်အစီးရေ ခုနစ်သောင်းကျော်ရှိကြောင်း ကညနလုပ်ငန်းလိုင်စင်ဌာနမှ သိရသည်။
အဆိုပါအငှားယာဉ်များတွင် နယ်လိုင်စင်ဖြင့် ဝင်ရောက်ပြေးဆွဲ နေသည့် ကားများပင်စာရင်းတွင် ထည့်သွင်းတွက်ချက်ထားခြင်းမရှိသေးပေ။
ရန်ကုန်မြို့နေဦးရေ သုံးသန်းကျော်အနက် ၂၀ ရာခိုင်နှုန်းမှာ အငှားယာဉ်များကို စီးနင်းအသုံးပြုနေရသည်ဟု ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ (JICA)မှ ကောက်ယူထားသော စစ်တမ်းများတွင် ဖော်ပြသည်။ရန်ကုန်မြို့တွင် အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းကိုံHello Cabs နှင့်Dway Ride ပြည်တွင်းကုမ္ပဏီနှစ်ခုက လွန်ခဲ့သည့် ၂ နှစ်ခန့်
ကစ၍ ဆောင်ရွက်နေသည်။
Related News
 
Hot News block
ဧရာဝတီဘဏ်ခွဲများ အားလုံးတွင် DELL ပစ္စည်းများ အသုံးပြုမည်

ဧရာဝတီ ဘဏ်ခွဲများအားလုံး တွင် Dell Corporation မှ ထုတ်လုပ် သည့် စက်ပစ္စည်းများကို အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ အသုံးပြုခြင်းအားဖြင့် ပိုမို စိတ်ချသော ဘဏ်ဝန်ဆောင်မှု လုပ...


MOTC Web Portal လွှင့်တင်ရန် စီစဉ်

ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၏ Ministry Web Portal (MOTC Web Portal) လွှင့် တင်နိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ယခင်ဖွဲ့စည်း ထားရှိသည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပည...


တယ်လီနောသုံးစွဲသူ (၁၇) သန်း အထိ ရှိလာ

ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သော တယ်လီနောသည် (၂၀၁၆) ခုနှစ် ဒုတိယသုံးလပတ် အ စီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ အစီရင်ခံစာအရ ၎င်းင်း၏ဆက်သွယ်ရေး ကွန်ရက်အသုံးပြုသူ (၁၇) သန်းအထိ တိုး...


General News

School Bus နှင့် ပတ်သက်ပြီး မီဒီယာများတွင် ရေးသားဖော်ပြချက် အရသာသိရှိနေရဟု တိုင်း လွှတ်တော်အမတ်ဆို

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့က ဇွန်လအတွင်း စတင်အ ကောင်အထည်ဖော်မည့ှ်School Bus ကိစ္စနှင့်ပတ်သက်၍ မီဒီယာ များတွင် ရေးသားဖော်ပြချက်အရသာသိရှိနေရပြီး အသေးစိတ်အချက်အလက်များကို မသိရှိ...


ဇုန်ထုတ်ကားများ၌ ပြည်ပထုတ် ယာဉ်အစိတ်အပိုင်းများ တပ်ဆင်ခြင်းကို ဒဏ်ကြေးဖြင့် ပြန်လည်ခွင့်ပြုရန် စက်မှု (၁) စီစဉ်

ပြည်တွင်း ဇုန်ထုတ်ကားများ၌ ပြည်ပထုတ် ယာဉ်အစိတ်အပိုင်း တပ် ဆင်ခြင်းကို ဒဏ်ကြေးဖြင့် ပြန် လည် ဆောင်ရွက်ခွင့်ပြုန်ရန် စက်မှု (၁)မှ စီစဉ်နေကြောင်း ဇုန်ထုတ်ယာဉ် စစ်ဆေးရေးအဖွဲ့ထံမှ စံ...


မော်တော်ယာဉ် နည်းဥပဒေထွက် ရှိမှသာ ပုဂ္ဂလိက ယာဉ်စစ်လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုမည်

ပုဂ္ဂလိက ယာဉ်စစ်လုပ်ငန်းများ ကို မော်တော်ယာဉ် နည်းဥပဒေ ပြဋ္ဌာန်းပြီး မှသာ လုပ်ကိုင်ခွင့် တရား ဝင် ချထား ပေးသွားမည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်...